ဖောင်ဒေးရှင်းအကြောင်း



ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို နိုဝင်ဘာ ၃၀ ရက် ၂၀၁၀ ခုနှစ်တွင်ကော်မတီဝင် ၈ဦးဖြင့်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။


၁။ကော်မတီဝင်များမှာ-

(၁) ဦးပြေတီဦး (သရုပ်ဆောင်)

(၂) ဦးဝင်းကြည် (စိန်ဌေးရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး)

(၃) ဦးမျိုးမင်းလှ (ဒါရိုက်တာမောင်မျိုးမင်း ရင်တွင်းဖြစ်)

(၄) ဦးကျော်စွာ (ဒါရိုက်တာကျော်ဇောလင်း အတွေးပုံရိပ်)

(၅) ဦးမြတ်ခိုင် (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအတွင်းရေးမှုး (၁) ၊လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်)

(၆) ဦးတင်အေး (တရားရုံးချုပ်ရှေ့နေ ၊ဥပဒေအကြံပေး)

(၇) ဦးမောင်မောင်ဦး (မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း ဗပိာု အလုပ်အမှုဆောင်၊ Asian Fame Co.Ltd ၏ ဒုဥက္ကဌ)

(၈) ဦးဝင်းငြိမ်း(ရွှေအမြုတေမဂွှဇင်း၊ အလင်းတန်းဂျာနယ်၊ Teen ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း) အယ်ဒီတာချုပ်

၂။ စတင်တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ကိုယ်ရည်ကိုယ်သွေး ထူးချွန်သော်လည်း ငွေကြေး မပြေလည်မှုကြောင့် ဆေးတက္ကသိုလ်တက်ခွင့် မရနိုင်တော့ဟု အားငယ်နေရသူများ အတွက် ထောက်ပံ့ကူညီနိုင်ရန်ရည်ရွယ် ၍တည်ထောင်ခဲ့ပါသည်။

၃။ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကျင်းပသောပြေတီဦးမွေးနေ့အငြိမ့် ဖြန့်ချိခြင်းမှရရှိသောအမြတ်ငွေသိန်း ၈၀နှင့်စိန်ဌေးဗီဒီယိုထုတ်လုပ်ရေးမှငွေကျပ် ၁၀ သိန်း,ခရေဖြူဗီဒီယိုထုတ်လုပ်ရေးမှငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ ဖြင့်စတင်မတည်ခဲ့ပြီး ပြေတီဦးနှင့်အိန္ဒာကျော်ဇင်မင်္ဂလာဆောင်လက်ဖွဲ့မှရရှိငွေ MRTV-4 မှလှူဒါန်းငွေ ၃၅ သိန်းနှင့် Garnier မှ လှူဒါန်းငွေ ၄၆၅,၇၅၀၀၀ တို့ကိုလည်းဖောင်ဒေးရှင်းအတွက်လှူဒါန်းခဲ့ပါသည်။

၎။ နိုဝင်ဘာလ ၃၀ရက်နေ့တွင် ကရ၀ိတ်နန်းတော်၌ ပြုလုပ်ကျင်းပခဲ့သော ပထမဦးဆုံးအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ကျောင်းသား ၁၀ယောက်အား တစ်ဦးလျှင် ငွေကျပ် ၅သောင်းစီဖြင့် လစဉ်လတိုင်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ ယင်းပွဲတွင် လှူဒါန်းငွေများကို လည်း စတင်လက်ခံ ခဲ့ ပါသည်။

၅။ နောက်ပိုင်းတွင်လည်း လျှောက်ထားလာသော ပညာထူးချွှန်၍ ဆေးတက္ကသိုလ်တက်ခွင့် မရနိုင်သောကျောင်းသား/သူ လူငယ်များကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။